ပန်းတိုင်
ငယ်သူပေမို့ မဆူရက်၊
ကြီးသူတွေမို့ မလှန်ရက်၊
ရွယ်တူပေမို့ စာနာလျက်သော်၊
ဒီကောင် 'လူပေါ'သမုတ်ရာ၏။
အလိုက်သိသော် 'ကြောက်'သည်ထင်၊
အမိုက်ထိသော် 'ရိုင်း'သည်ထင်၊
ကျိုးကြောင်းဆက်သော် 'ရူး'သည်ထင်၊
ဒါတွေစဉ်းစား
စိတ်ရှုပ်ရပါလား။
ပြန်လည်ကာလှည့်မိ
ကိုယ့်ဝမ်းနာကိုယ်သာသိသမို့
ကိုယ့်ပန်းတိုင်ရောက်အောင်သာ
လှမ်းကြပါစို့..............။
လေလွင့်လူ
တခြားနယ်မှချစ်သူဆီ.................
နှစ်တွေ ကွာဝေး
ရေမြေခြားလည်း
ရေမြေခြားလည်း
မနှောင်းကာလ ပြန်တွေ့မည်ပ
နှိုးထလှိုက်ဖို ရင်ခုန်မိသည်
တခြားနယ်မှချစ်သူဆီ.....။
မှန်ကြည့်ပြုံးပြ ဖြစ်အင်မျိုးပ
လိုရာမရောက်ပုံရိပ်သည်သာ
လိုရာမရောက်ပုံရိပ်သည်သာ
စစ်မှန်ရာဟု နှလုံးပိုက်သွင်း
ဖြေသိမ့်ရင်းမှ လွမ်းမိပါသည်
တခြားနယ်မှချစ်သူဆီ.....။
အိပ်စားနေရာ သူ့မျက်နှာပ
တခြားမမြင် တောင်ပြန်လေရူး
တခြားမမြင် တောင်ပြန်လေရူး
နွေဦးပေမို့ နှလုံးပိုက်သွင်း
ဖြေသိမ့်ရင်းမှ မက်မြင်မိသည်
တခြားနယ်မှချစ်သူဆီ.....။
ဟိုဒီခုန်ကူး စိတ်ကူပေမို့
မပြောသာမဲ့ နက်ရှိုင်းနွမ်းလျ
မပြောသာမဲ့ နက်ရှိုင်းနွမ်းလျ
နှလုံးသူရာ တွင်းနက်တိုင်အောင်
ခြယ်လှယ်ချုပ်ကိုင်
မဏ္ဍိုင်ပြိုလဲ ပြစ်မဆိုသာ
ချစ်မိသည့်မောင်မှာ
ခက်ရတော့သည်
တခြားနယ်မှ ချစ်သူရေ......။
အဝေးရောက်ချစ်သူ
No comments:
Post a Comment