Pages

Wednesday, October 9, 2013

လေ့လာပါ သုံးသပ်ပါ ပြီးမှယုံကြည်ပါ


တရားထိုင်ခြင်းနှင့် ငါးပါးသီလ 

                ဒီပို့စ်ကိုရေးရတဲ့အကြောင်းတ၇ားကတော့ ဘာသာရေးမှာ ကျွတ်တမ်းဝင်အရိယာကြီးတယောက်လို့မထင်စေဘဲ  ဘာမှန်းသိအောင် ကွဲပြားစေချင်တဲ့သဘောလေးပါစေချင်တယ်။ဘာလို့ကွဲပြားစေချင်တာလဲ?ကွဲကွဲပြားပြားသိမှ ယုံကြည်မယ်။ကြည်ကြည်လင်လင်သိမှ ယုံကြည်တယ် ။သေသေချာချာ ကိုကြည်လင်မှ အမှားအမှန်ကိုသိမယ်။ဒါတွေကြောင့်ပါ ။တလောက


ညီလေးတယောက်ပြောသံကြားရတယ်။ဒီလောက်တရားထိုင်ပြီးတော့ ရည်းစားဘာလို့ထားတာလဲတဲ့။ကဲရှင်းရော။ သူက လောကနီတိ၊တရားထိုင်ခြင်း၊ ငါးပါးသီလကိုမကွဲရှာဘူး။သေသေချာချာလဲသိပုံမရဘူး။ ထိုင်ဖူးပုံလဲမရဘူး။ တရားထိုင်တယ်ဆိုတာ အဓိကက သေတတ်အောင်ဗျ။ပြီးတော့ သေရင်ကို့ကိုဘယ်လိုဝေဒနာက နှိပ်စက်မလဲဆိုတာသိအောင်။
တသက်လုံးသိလာတဲ့အသိတခုကို အပါယ်မကျအောင် စိတ်ကိုပြောင်းပေးတာ။ပြောင်းပေးရုံလားဆိုတော့မပြည့်စုံသေးဘူး။လေ့ကျင့်မှုပါပါသေးတယ်။ စိတ်တည်ငြိမ်အောင်တခုထဲအတွက်လဲမဟုတ်ဘူး။အနောက်တိုင်းသားပညာရှင်(ခေတ်ပညာတတ်တွေအပါအ၀င်)
သူတို့တွေလဲစိတ်တည်ငြိမ်ကြတာပဲ။သူတို့တွေတရားမထိုင်ဖူးဘူး။စိတ်တည်ငြိမ်ခြင်း(သမထ)ဟာ 


 ရုံစူးစိုက်နိုင်မှု နဲ့အလေ့အကျင့်အပေါ်ကိုအဓိကထားပေမယ့် ၀ိပသနာတရားက လောကသဘာဝကိုမဖောက်မပြန်သိပြီး နေတတ်အောင် တကယ့်အရှိကိုအရှိအတိုင်းသာထားတဲ့သဘော။အရင်ကထိုင်ဖူးမှလဲ သူကထိုင်တာ။ဆိုလိုတာက ပါရမီ၊ပဌာန်းဆက်ရှိမှလုပ်ဖြစ်တဲ့အလုပ်။တရားစခန်းနားမှာနေပြီးတရားမထိုင်ဖူးသူတွေလဲဒုနဲ့ဒေး။စထိုင်ပြီဆို
တာနဲ့ဘာမှကို မတွေးနဲ့ အနည်းဆုံးပါရမီမရှိသူက ပါရမီရလာမယ်ရပြီးသူကလဲ တဆင့်တက်
လာမယ်။တရားထိုင်ဖူးတဲ့လူတယောက်ကသိသာတယ်ဗျ။လူတယောက်ကိုရရင်လဲမပြောဘူး
နိုင်လို့ရလဲမနိုင်ဘူး။ဒါကို လူတချို့က အခြောက်လို့ပြောကြသေးတယ်။ကျင့်တဲ့သူတွေကအရူးပါကွာလို့
လဲကြားလိုက်ရသေးတယ်။ဆိုလိုတာတွေကဗျာ အရင်ကသဲအင်းဂူကိုမရောက်ဖူးရင်အခုသဲအင်းဂူမှာ
တရားထိုင်ဖို့ဆိုတာ အခွင့်အရေးအင်မတန်နည်းတယ်။အခုထိုင်နေတဲ့မိတ်ဆွေတွေ ခင်ဗျားတို့ ၅မိနစ်ပဲထိုင်
နိုင်နိုင်၊၁၀မိနစ်ပဲထိုင်နိုင်နိုင်။စိတ်အားငယ်စရာတော့မဟုတ်ဘူး။ကျင့်နေပြီဆိုကတည်းကိုက
ခင်ဗျား အပါယ်ကိုကျောခိုင်းတဲ့လမ်းပေါ်ရောက်နေပြီလို့နားလည်ထားလိုက်ပါ။အသေးစိတ်ကိုတော့
ဒီလင့်မှာ ဒေါင်းပြီးနာလိုက်ပါ 
သဲအင်းဂူဆရာတော်ဘုရားကြီးရဲ့ သမာဓိ နှင့် ပညာ ရှုကွက် 
အလုပ်ပေးတရားတော်



No comments:

Post a Comment

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ