Pages

Saturday, August 24, 2013


သို့
လက်တွဲဖော်သူငယ်ချင်းများသို့  "ဇွန်းတချောင်း"


ကျွန်တော်တို့ မကြောက်အားမငယ်ပဲ ရှေ့ဆက်လျှော်ကရအောင်လား......ကျွန်တော်မကြောက်ပါဘူးလေ။အလုပ်မလုပ်သူသာ ဝေဖန်လို့
မရနိုင်တဲ့သူမဟုတ်လား ဒါကိုကျွန်တော်တို့သိထားရမယ်လေနော်....။
ပညာသည်သာသစ္စာရှိသည့်အဖော်မွန်ကြွယ်ဝသည့်ရိက္ခာတအိုးလို့မှတ်ထားသူကျွန်တော့်အဖို့ အတတ်တွေကိုအပတ်တကုတ်လုပ်လာခဲတယ်လေ။ အပေါင်းအသင်းဆိုတာ ထာဝရလမိတ်ဆွေကောင်းလို့ပုံသေမမှတ်ယူနိုင်ပေမယ့်
အားနည်းနေတဲ့အချိန် ကောက်ရိုးတမျှင်တော့ဖြစ်တန်ကောင်းပါရဲ့။

မဖြစ်သင့်တာတွေကိုအချင်းချင်း ကူညီနိုင်အောင်လို့ပါ ဘလော့ကမစုံလင်သေးပေမယ့် စုပေါင်းအားစိုက်လိုက်ရင် ခဏလေးပါ။တယောက်သိတာကိုတယောက်ကဝေမျှရင်းနဲ့လေ...
ထမင်းကို ငါးဟင်းနဲ့ စားချိန်မှာ
လက်နဲ့ နယ်တော့ ငါးရိုးဆူးတာ လက်ကသိတယ် ပါးစပ်ထဲထိ မရောက်ခင် ကြိုတင်ဖယ်နိုင်တယ်
ဇွန်းနဲ့ နယ်သူကတော့ လက်မဆူးတော့ ပါးစပ်ရောက်မှ သိသလိုပေါ့။
အခက်အခဲကြီးကြီးမားမားတွေ့ရတာ အောင်မြင်မှုကိုလက်ယက်ခေါ်စေနိုင်ပေမယ့် မလိုတာတွေနဲ့အချိန်မကုန်ရလေအောင် ညီညွတ်လိုက်မယ်ဆိုရင်လေ....

ကျွန်တော်တို့အချင်းချင်းတယောက်ကိုတယောက်ဇွန်း ၁ချောင်းလောက်သာအပြန်အလှန်ရှိမယ်ဆိုရင်...

ဘာပဲဖြစ်ဖြစ်. နစ်နေအောင်တော့ မဆူးစေချင်တာ. ကျနော်တို့ တွေ စေတနာပါ

No comments:

Post a Comment

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ