Pages

Friday, August 2, 2013

ဖတ်ပါ မှတ်ပါ လိုက်နာပါ(၁)

 လောကနီတိသည်ဘုရားဟောမဟုတ်ပါ..သို့သော် လူ့လောကလူ့ဘောင်အတွက်ရှေးပညာရှိကြီးများချမှတ်ခဲ့သော နည်းနာနိဿယများသာဖြစ်ပါသည်။သို့သော် 'ပညာရှိတွေးကြည့်ရင်ပြေးကြည့်တာထက်ပင်မှန်သေးတယ်' ဆိုတဲ့အတိုင်း လူ့လောက တထောင့်တနေရာအတွက်အကျိုးရှိရန်ရည်ရွယ်ပြီး လောကနီတိအပါအ၀င် ကျင့်သုံးသင့်သည်များကို အလျဉ်းသင့်သလိုဖော်ပြပေးရန်ရည်ရွယ်ပါသည်။


ကောလဟလတွေဟာ အသိဉာဏ်မဖွင့်ဖြိုးတဲ့ နိုင်ငံတွေမှာ ဖြစ်တတ်တဲ့ အလေ့ရှိပါတယ်။ အီရန်တို့ အီရတ်တို့မှာ တံတားကျိုးလို့ လူအုပ်တိုးလို့၊ လူချင်းပိလို့၊ တက်နင်းမိလို့ သေလိုက်ကြတာ အစုလိုက် အပြုံလိုက်ပါပဲ။ ကျန်ရစ်ခဲ့တဲ့ ဖနပ်တွေတောင် ရေတွက်လို့ မကုန်နိုင်အောင် များပြားတာ တွေ့ရပါတယ်။
          ဘုရားဟော ဇာတ်တော်တွေထဲက မြေပြိုတယ်ထင်ပြီး ထွက်ပြေးတဲ့ ယုန်သူငယ်ကြောင့် တစ်တောလုံးတစ်တောင် လုံးက သတ္တဝါတွေ ဆင်းရဲဒုက္ခရောက်ကြရပြီး။

         တကယ်ခြေခြေ မြစ်မြစ်ဆုံစမ်းကြည့်တော့ ဥသျှစ်သီး ကြွေကြတာ ဖြစ်နေပါရောလား။
          ဖြစ်နိုင်၏။ မဖြစ်နိုင်၏။ ဟုတ်၏။ မဟုတ်၏။ ဆိုတာလောက်ကိုတောင် မဆင်ခြင်နိုင်တဲ့ ဆင်ခြင်တုံ  တရားကင်းမဲ့သူတွေသာ ကောလဟလသားကောင်ဖြစ်ကြရတာပါ။
          အပ္ပတွာ ပဒဝိညာဏံ၊ ပရဃောသာနုသာရိနော။
         ပနာဒ ပရမာ ဗာလာ၊ တေ ဟောန္တိ ပရပတ္တိယာ။


          အကြင်သူမိုက်တို့သည် ကိုယ်တိုင်မမြင်မကြားရပါဘဲ သူတစ်ပါးစကား တစ်ဆင့်ကြားကို အဟုတ်ထင်မှတ် ယုံကြည်တက်ကုန်၏။

          ယေစ သီလေန သမ္ပန္နာ၊ ပညာရှုပ သမေ ရတာ။
         အာရကာ ဝိရတာ ဓီရာ၊ န ဟောန္တိ ပရပတ္တိယာ။
          သီလနှင့် ပြည့်စုံသူ၊ ပညာနှင့်ပြည့်စုံသူ၊ ငြိမ်းချမ်းရေးမှာ ပျော်မွေ့သူ၊ မကောင်းမှုကို ရှောင်ကြဉ်သူ- ပညာရှိတို့သည် သူတစ်ပါးစကား တစ်ဆင့်ကြားကို ယုံကြည်တက်သူ မဟုတ်ကြကုန်။
                                                                    (စတုက္ကနိပါတ်။ ဒုဒ္ဒုဘဇာတ်၊ ဇာ၊ ဋ္ဌ။ ၃။ ၆၉။)


          မိုက်လှအလို၊ မြေကြီးပြိုဟု၊ မြည်ဆိုတုံငြား၊ ယုန်စကားကြောင့်၊ တောသားကုန်အောင်၊
        တောသုံးတောင်ဝယ်၊ ဆင်ပြောင်ကစ၊ တွေးဆမဲ့လျှင်၊ ရေသို့ဆင်းခဲ့။  ဖျားရင်းနီးဝေး၊
        ကြီးငယ်သေးနှင့်၊ အရေးပြုထိုက်၊ မပြုထိုက်ကို၊ ဉာဏ်၌မျှော်ဆ၊ ရှုကုန်ကြလော့။
                                                                                      (မဃဒေဝ။ ၃၇၂။)


          ပညာနုပ်သေး၊ လူတဝေးတို့၊ အရေးမမြင်၊ အရေးထင်လျှက်၊
         ဆင်ခြင်မဟဲ့၊ ယုံတတ်ခဲ့၏၊ ယုံငယ့်သဘော၊ မြေပြိုသောဟု၊ ပြောသံကြားရုံ၊
         ယုံကြီးယုံ၍၊ လုံးစုံသားပေါင်း၊ ခြေလေးချောင်းတို့၊ သောင်းသောင်းကြွက်ငြာ၊
         ဉာဏ်မဲ့စွာဖြင့်၊ သမုဒ္ဒရာရေတွင်း၊ ပြေးဝင်ဆင်းရှင့်။ (မဃဒေဝ။ ၂၁၈။)


          ပြည်သူတွေ ကောလဟလကြောင့် ဒုက္ခမရောက်စေဖို့ အသိပညာပေးလုပ်ငန်းတွေ လုပ်ချင်ပေမဲ့ ရေရှည်လုပ်ရမည့် လုပ်ငန်းဖြစ်နေတာကြောင့် လက်တစ်လော ပြည်သူတွေကို ဒုက္ခပေးနေတဲ့ ကောလဟလတွေကို နှိမ်နှင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ပူပေါင်းဖြေရှင်းရေး အဖွဲ့တစ်ခု မြို့တိုင်းရွာတိုင်းမှာ ဖွဲ့ထားဖို့ပါဘဲ။
          ကုလားက ရန်ရှာရင် ချက်ချင်းဖြေရှင်းပေးမည့် အဖွဲ့ ဖုန်းနံပါတ်။
          ဗမာက ရန်ရှာလျှင် ချက်ချင်းဖြေရှင်းပေးမည့် အဖွဲ့ ဖုန်းနံပါတ်။
          ဒါတွေကို ဆိုင်တိုင်းအိမ်တိုင်း နေရာတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ကြေညာထားမယ်ဆိုရင် ကောလဟလတွေ ပျောက်ပျက်သွားမှာပါ။
          နောက်ပြီး နှစ်ဦးနှစ်ဖက်ခေါင်းဆောင်တွေ ထိတွေ့ဆက်ဆံရာမှ ချစ်ကြည်ရင်းနှီးမှု ရရှိသွားတဲ့အခါ အလွယ်တစ်ကူ သွေးထိုးလို့ မရနိုင်ဘူးပေါ့။

          ဒီအခါ ထာဝရငြိမ်းချမ်းရေးအတွက်ပါ တစ်ဆင့်ခြင်း တက်လှမ်းလို့ ရနိုင်သွားမှာပါ။
          အေးအေးလူလူ နေချင်ကြတဲ့ လူကောင်းသူကောင်း မူဆလင်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်နှင့် ဘဝလုံခြုံမှုကို အာမခံချက် အပြည်အဝ ပေးနိုင်မည့် အစီစဉ်လေးပါ။

No comments:

Post a Comment

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ